ဂျပန်နိုင်ငံ၊တိုကျိုမြို့၊ Higashikurume တွင် နေထိုင်သော အသက် ၁၁ နှစ်အရွယ် မူလတန်း ဆဋ္ဌမတန်းကျောင်းသူ Maho Shinomiya နှင့် ၎င်း၏ ညီမဖြစ်သူ ၈ နှစ်အရွယ် တတိယတန်းကျောင်းသူ Yuno တို့သည် နှစ်ပေါင်း ၃ သိန်းခန့် သက်တမ်းရှိသည့် အလွန်ရှားပါးသော ပုစဉ်းရင်ကွဲ (Cicada) ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။၎င်းတို့ ညီအစ်မနှစ်ဦးသည် ရုပ်ကြွင်းများကို ဝါသနာပါသူများဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ၎င်းတို့၏ မိခင်ဖြစ်သူ ဝယ်ယူပေးခဲ့သော တိုချီဂီခရိုင် (Tochigi) ရှိ ပြတိုက်တစ်ခုမှ အမှတ်တရလက်ဆောင် ကျောက်တုံးကို ဝရံတာတွင် ခွဲကြည့်ရာမှ အင်းဆက်ဦးခေါင်းပိုင်းဟု ယူဆရသော အစိတ်အပိုင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပညာရှင်များထံ ပေးပို့စစ်ဆေးခဲ့ရာ ၎င်းမှာ တစ်ကိုယ်လုံး အပြည့်အစုံပါဝင်သည့် ၆၂ မီလီမီတာရှည်သော ပုစဉ်းရင်ကွဲရုပ်ကြွင်း ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ပုစဉ်းရင်ကွဲ ရုပ်ကြွင်းများသည် များသောအားဖြင့် တောင်ပံအစိတ်အပိုင်းများသာ တွေ့ရလေ့ရှိပြီး ယခုကဲ့သို့ တစ်ကိုယ်လုံး အပြည့်အစုံပါဝင်သည့် ရုပ်ကြွင်းမှာ အလွန်ရှားပါးကြောင်း ပညာရှင်များက ဆိုသည်။ အဆိုပါ တွေ့ရှိမှုသည် ပုစဉ်းရင်ကွဲများ၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကို လေ့လာရာတွင် အလွန်အဖိုးတန်သည့်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက သုတေသနစာတမ်းအဖြစ်ပင် ထုတ်ဝေခဲ့ရပြီး၊ မိမိတို့၏ တွေ့ရှိမှုမှာ ဤမျှအရေးပါလိမ့်မည်ဟု မထင်ထားကြောင်း ညီအစ်မနှစ်ဦးက စိတ်လှုပ်ရှားစွာ ပြောကြားခဲ့သည်။
တိုကျိုမြို့မှ ညီအစ်မနှစ်ဦး နှစ်ပေါင်း ၃ သိန်းသက်တမ်းရှိ ရှားပါး "ပုစဉ်းရင်ကွဲ" ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိ
Apr 06 • 2:46 AM
Japan
Local News
Share
| 11 | 0 | 0 | 0 |


