back

ကချင်ပြည်နယ်၊ဖားကန့် - ကာမိုင်း လမ်း ပိတ်လိုက်သဖြင့် ကားအစီးရေ ရာချီ စောင့်ဆိုင်းနေရ

Apr 06 • 1:26 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊ဖားကန့် - ကာမိုင်း လမ်း ပိတ်လိုက်သဖြင့် ကားအစီးရေ ရာချီ စောင့်ဆိုင်းနေရ

ကချင်ပြည်နယ် ဖားကန့် - ကာမိုင်း လမ်းကို ယနေ့ပိတ်ချလိုက်သဖြင့် ခရီးသည်ကားများ အစီးရေ ရာချီ ရပ်စောင့်နေရကြောင်း ဒေသခံများက ပြောကြားသည်။လုံးခင်ကျေးရွာအုပ်စု လယ်ပြင...

ကချင်ပြည်နယ် ဖားကန့် - ကာမိုင်း လမ်းကို ယနေ့ပိတ်ချလိုက်သဖြင့် ခရီးသည်ကားများ အစီးရေ ရာချီ ရပ်စောင့်နေရကြောင်း ဒေသခံများက ပြောကြားသည်။လုံးခင်ကျေးရွာအုပ်စု လယ်ပြင် ယမ်းချက်စက်ရုံဂိတ်တွင် ဖားကန့်ဘက်မှ အဆင်းကားများကို ပိတ်ထားပြီး နမ့်ယား ၊ ကပ်မှော်စွပ်ရွာတွင်လည်း ဖားကန့် အတက်ကားများကို ပိတ်ပင်ထားသည်ဟု ၎င်းတို့က ပြောပြသည်။ဖားကန့်မြို့၏ ကုန်စည်စီးဆင်မှုသည် ယခုပိတ်ပင်လိုက်သည့် ဖားကန့်- ကာမိုင်း လမ်းကိုသာ အဓီကသွားလာနေခြင်းကြောင့် လမ်းရက်ရှည်ပိတ်ပင်လျှင် ကုန်စည်ဈေးတက်ခြင်း နှင့် ကုန်ပြတ်လပ်ခြင်း ဖြစ်မည်ဟု ဒေသခံများက စိုးရိမ်နေကြသည်။

news-view-count-icon

60