ဧရာဝတီတိုင်း၊ မအူပင်တက္ကသိုလ်ဝန်းထဲက ကျောင်းဆောင်အောက်မှာ ရောက်ရှိခိုအောင်းနေတဲ့ စပါးအုံးမြွေတွေနဲ့ မြွေဥတွေကို တွေ့ရှိတာကြောင့် တာဝန်ရှိတွေက နေရာပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ယမန်နေ့က မအူပင်တက္ကသိုလ် ကျောင်းအဆောက်အဦး တခုရဲ့ ကွန်ကရစ် ကျောက်ပြားတွေရဲ့အောက်မှာ ရောက်ရှိ ခိုအောင်းနေတဲ့ စပါးအုံးမြွေ ၄ ကောင်နဲ့ မြွေဥအလုံး ၃၀ ကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။မြွေတွေနဲ့ မြွေဥတွေကို မအူပင်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတွေက စနစ်တကျသယ်ယူပြီး မအူပင်မြို့နယ်၊ ခနောင်ထော်ကျေးရွာက ဘေးမဲ့ ၁၀၈ တောင် ဘုန်းကြီးကျောင်းကို ပို့ဆောင် ပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရပါတယ်။မအူပင်တက္ကသိုလ်ထဲက အဆောက်အဦးတွေထဲမှာ လင်းမြွေတွေ၊ အဆိပ်ရှိတဲ့မြွေဟောက်တွေလည်း မကြာခဏ တွေ့ရတယ်လို့ သိရပါတယ်။
Apr 06 • 1:22 AM
Myanmar
Ayeyarwady
Share
| 18 | 0 | 0 | 0 |


