back

မွန်ပြည်နယ်၊ချောင်းဆုံတွင် တစ်ရက်ကြိုတင် ဆီ တန်းစီနေရ

Apr 06 • 1:17 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊ချောင်းဆုံတွင် တစ်ရက်ကြိုတင် ဆီ တန်းစီနေရ

မွန်ပြည်နယ်၊ချောင်းဆုံမြို့တွင် နောက်တစ်ရက်နံနက် ဆီရရန်အတွက် နေ့ခင်းပိုင်းကတည်းက တန်းစီနေကြရကြောင်း သိရသည်။ချောင်းဆုံမြို့၊အရှေ့ပိုင်းရပ်ကွက်၊မီးစက်ရှေ့ရှိ Puma...

မွန်ပြည်နယ်၊ချောင်းဆုံမြို့တွင် နောက်တစ်ရက်နံနက် ဆီရရန်အတွက် နေ့ခင်းပိုင်းကတည်းက တန်းစီနေကြရကြောင်း သိရသည်။ချောင်းဆုံမြို့၊အရှေ့ပိုင်းရပ်ကွက်၊မီးစက်ရှေ့ရှိ Puma စက်သုံးဆီအရောင်းဆိုင်တွင် နေ့စဉ် နံနက် ၆နာရီမှစ၍ စုံမစနစ်အတိုင်း ဆီရောင်းချပေးနေသော်လည်း နောက်တစ်ရက်အတွက် ယနေ့ နေ့ ခင်း ပိုင်းကတည်းက တန်းစီနေရကြောင်း ချောင်းဆုံဒေသခံအချို့ထံက သိရသည်။ဆီဆိုင်ဝန်ထမ်းများက ည၁၀နာရီခန့်တွင် တန်းစီသည့်ယာဉ်များကို ရေတွက်ကာ နောက်တစ်ရက် နံနက်ပိုင်း နောက်ဆုံးပေးမည့်ယာဉ်အား ဆိုင်းဘုတ်ချိတ်သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။လက်ရှိတွင် ဓာတ်ဆီတစ်လီတာ ကျပ်၅၀၀၀ကျော်ပေးနေရပြီး ဆိုင်ကယ် ကျပ်တစ်သောင်းဖိုးနှင့် သုံး ဘီးဆိုပါက ကျပ်၂သောင်းဖိုး ဝယ်ခွင့်ရကြောင်း သိရသည်။

news-view-count-icon

19