back

သထုံတွင် ဆရာဝန်ပေါ့ဆမှုကြောင့် ၄ နှစ်အရွယ်ကလေးငယ် သေဆုံး၊ တရားမျှတမှုအတွက် မိသားစုဝင်များ တောင်းဆို

Apr 05 • 3:58 PM

breaking-news

Myanmar

Mon

cover

သထုံတွင် ဆရာဝန်ပေါ့ဆမှုကြောင့် ၄ နှစ်အရွယ်ကလေးငယ် သေဆုံး၊ တရားမျှတမှုအတွက် မိသားစုဝင်များ တောင်းဆို

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်ဆေးရုံတွင် တာဝန်ကျဆရာဝန်၏ ပေါ့ဆမှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်အတွက် မိသားစုဝင်များက တ...

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်ဆေးရုံတွင် တာဝန်ကျဆရာဝန်၏ ပေါ့ဆမှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်အတွက် မိသားစုဝင်များက တရားမျှတမှု ရရှိရန် တောင်းဆိုနေကြသည်။ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က သထုံမြို့နယ်၊ ကလိကျွန်းကျေးရွာတွင် နေထိုင်သည့် အသက် ၄ နှစ်အရွယ် မောင်ဖုန်းမြတ်ကိုသည် ဝမ်းအနည်းငယ်သွားသဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ တာဝန်ကျဆရာဝန် ဒေါက်တာသက်ထူးအေးအောင်က ပိုးသတ်ဆေးထိုးရန် ညွှန်ကြားခဲ့သည်။ သို့သော် အဆိုပါပိုးသတ်ဆေးမှာ ကလေးငယ်နှင့် မတည့်သည့် လက္ခဏာများ မိနစ်ပိုင်းအတွင်း ပြလာပြီးနောက် ကလေးငယ် အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ကလေးငယ်၏ မိသားစုဝင်များ၏ ပြောပြချက်အရ ပြင်းထန်ပိုးသတ်ဆေးများ ထိုးနှံရာတွင် ဆေးနှင့်တည့်၊ မတည့်ကို အရေပြားပေါ်တွင် ကြိုတင်စမ်းသပ်သည့် (Skin Test) ပြုလုပ်ရမည် ဖြစ်သော်လည်း ဆရာဝန်က ယင်းသို့ စမ်းသပ်ခြင်းမရှိဘဲ အတင်းအဓမ္မ ထိုးနှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကလေးငယ် သေဆုံးသွားပြီးနောက် ဆေးရုံဘက်မှ မည်သည့်ဆေးအမျိုးအစား ထိုးနှံခဲ့သည်၊ မည်သည့်အကြောင်းကြောင့် သေဆုံးသည်ဟူသော ဆေးဘက်ဆိုင်ရာ မှတ်တမ်း (Medical Record) များကို မိသားစုထံ ပေးအပ်ခြင်းမရှိဘဲ လက်မှတ်တစ်ခုသာ အတင်းထိုးခိုင်းကာ အလောင်းကို ထုတ်ပေးခဲ့ကြောင်း သိရသည်။ ကွယ်လွန်သူ ကလေးငယ်၏ ရုပ်ကလာပ်ကို မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မိုးကောင်း (RESCUE) လူမှုကယ်ဆယ်ရေးအသင်း၏ ကူညီမှုဖြင့် ကလိကျွန်းသုဿန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့သည်။



news-view-count-icon

23