back

ပြည်မှာ ရဟန်းခံကာနီးမှ ယာဉ်တိုက်မှုဖြစ်လို့ မောင်ရှင်လောင်း ၁ ဦး သေဆုံး

Apr 05 • 3:57 PM

breaking-news

Myanmar

Bago

cover

ပြည်မှာ ရဟန်းခံကာနီးမှ ယာဉ်တိုက်မှုဖြစ်လို့ မောင်ရှင်လောင်း ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်မြို့မှာ ယာဉ်တိုက်မှုကြောင့် အလှူမှာ ရဟန်းခံမယ့် လူငယ် ၁ ဦး ဖိတ်စာဝေပြီးမှ သေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဧပြီလ ၄ ရက် မနေ့က နေ့လယ် ၁၂ နာရီခန...

ပဲခူးတိုင်း၊ ပြည်မြို့မှာ ယာဉ်တိုက်မှုကြောင့် အလှူမှာ ရဟန်းခံမယ့် လူငယ် ၁ ဦး ဖိတ်စာဝေပြီးမှ သေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဧပြီလ ၄ ရက် မနေ့က နေ့လယ် ၁၂ နာရီခန့်က ခေတ္တရာမြို့သစ် ၆ လမ်း၊ ဘုရင့်နောင်လမ်းမကြီးပေါ်မှာ ခြောက်ဘီးကားနဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာက ဆိုင်ကယ်ပေါ်ပါ လူငယ် ၂ ဦးအနက် ၁ ဦးက နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူနဲ့ ဒဏ်ရာရသူ သူငယ်ချင်း ၂ ယောက်ဟာ ဧပြီလ ၁၂ ရက်နေ့မှာ အလှူကြီးပေးကာ သာသနာ့ဘောင်ကို ဝင်ကြမယ့် မောင်ရှင်လောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။သေဆုံးသူဟာ အသက် ၁၆ နှစ်အရွယ် မောင်လှိုင်မင်းထွန်းဖြစ်ပြီး ခေတ္တရာမြို့သစ် ၁၃ လမ်း၊ (၃) ရပ်ကွက်ကလို့ သိရကာ အတူပါလူငယ်ဟာလည်း ဒဏ်ရာပြင်းထန်ရခဲ့တာကြောင့် ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးမှာ ဆေးကုသခံယူခဲ့ရပြီး သတိပြန်လည်ရရှိကာ သက်သာနေပြီလို့ သိရပါတယ်။




news-view-count-icon

24