မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာအနီး၊ သံဖြူဇရပ်-မုဒုံကားလမ်းမကြီးတွင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကုန်တင်ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ဧပြီလ (၄) ရက် ညနေ (၅)နာရီခန့်က မုဒုံမြိုနယ် ရောင်းဒေါင်းကျေးရွာအနီးတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ငါးပိများ သယ်ဆောင်လာသည့် ကုန်တင်ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသူသည့် ကုန်ကားယာဉ်မောင်းဖြစ်သူမှာ မြောက်ဥက္ကလာပမြို့၊ ဝေဘာဂီရပ်ကွက်တွင် နေထိုင်သည့် အသက် (၃၅) နှစ်အရွယ် ဦးအောင်သူဝင်းဆိုသူ ဖြစ်ကြောင်း သိရသည်။



