တညင်းကုန်းလက်ကားဈေးကြီးကို သင်္ကြန်တွင်း နေ့ရက်များတွင်သန့်ရှင်ရေးနှင့်ပြုပြင်ရေးပြုလုပ်မည့် ဈေးရုံ(၃)ရုံမှအပကျန်ဈေးရုံများကို (၂၄)နာရီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိ တညင်းကုန်းလက်ကားဈေးကြီးတွင် ဈေးရုံ (၆) ရုံနှင့် ဆိုင်ခန်းပေါင်း (၇၅၀၀) ကျော် ဖွင့်လှစ်ထားပြီး ဒေသအသီးသီးမှ ဝင်ရောက်လာသော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ရာသီပေါ်သီးနှံများနှင့် ကုန်ခြောက်မျိုးစုံကို လက်လီလက်ကား ရောင်းချလျက်ရှိကြောင်း သိရသည်။သင်္ကြန်ကာလအတွင်းတွင် ဈေးရုံ (၃)၊ (၅) နှင့် (၇) တို့ကို သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ (၅) ရက်ကြာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။သို့သော် အခြားဈေးရုံများဖြစ်သော သစ်သီးဈေးရုံ၊ ဟင်းသီးဟင်းရွက်ဈေးရုံနှင့် ရာသီပေါ်အသားငါးဈေးရုံတို့ကို ပိတ်ရက်မရှိ၊ ပိတ်ချိန်မရှိဘဲ (၂၄) နာရီ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။



