ဒီနေ့မနက် ၉ နာရီ ၄၆ မိနစ်အချိန်ခန့်က သာကေတမြို့နယ်၊ အနော်မာရပ်ကွက်၊ တိုးချဲ့ (၃) လမ်းမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး၊ နေ့လည် ၁ နာရီ ၈ မိနစ်အချိန်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ (၆) လမ်းရှိ လျှပ်စစ်ဓာတ်တိုင်မှာ မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေတဲ့ မီးလောင်ကျွမ်းမှု အများစုမှာ လျှပ်စစ်ဝိုင်ယာရှော့ခ် (Wire Shock) ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။အခုကာလဟာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီဖြစ်တဲ့အားလျော်စွာ နေ့စဉ်နဲ့အမျှ မီးလောင်ကျွမ်းမှုများ မကြာခဏ ဖြစ်ပေါ်နေတာကြောင့် မိဘပြည်သူများအနေနဲ့ လျှပ်စစ်မီးသုံးစွဲရာမှာ အထူးဂရုပြု သတိထားသုံးစွဲကြဖို့ AAMIJ မှ သတိပေးနှိုးဆော်အပ်ပါတယ်။



