back

အပူချိန်များသည့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူးရှိ ဆေးရုံများတွင် အပူနှင့်ပတ်သက်သည့် ရောဂါများကုသရန်အခန်းများ ကြိုတင်ပြင်ဆင်ထားဟု ဆို

Apr 05 • 3:25 PM

breaking-news

Myanmar

Local

cover

အပူချိန်များသည့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူးရှိ ဆေးရုံများတွင် အပူနှင့်ပတ်သက်သည့် ရောဂါများကုသရန်အခန်းများ ကြိုတင်ပြင်ဆင်ထားဟု ဆို

အပူဒါဏ်အန္တရာယ် ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လူနာများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရ...

အပူဒါဏ်အန္တရာယ် ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လူနာများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ပူပြင်းသည့် နွေရာသီကာလသို့ ရောက်ရှိနေပြီဖြစ်သဖြင့် အပူဒါဏ်အန္တရာယ် ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အပူဒါဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသော လူနာများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိရာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် လူနာများလက်ခံကုသပေးမည့်နေရာ ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိစေရေးအတွက် အပူဒါဏ် အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်နှင့်အညီ ဆောင်ရွက် ရန်အတွက် လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသော လူနာများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊မကွေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ပြည်သူ့ဆေးရုံများတွင် လူနာများလက်ခံကုသပေးမည့်နေရာ ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိစေရေးအတွက် အပူဒဏ် အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်နှင့်အညီ ဆောင်ရွက်ရန်အတွက် လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် လိုက်နာဆောင်ရွက်ကြရမည့် အချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။အပူဒဏ်ကြောင့် သတိလစ်ခြင်း လက္ခဏာများ (Heat Stroke)အနေဖြင့် အပူဒဏ်အန္တရာယ်အထူး သတိပြုရမည့်သူများ အရေပြားပူ၍ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးခန်း ခြောက်ခြင်း၊သက်ကြီးပုဂ္ဂိုလ်များနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ခန္ဓာကိုယ်အပူချိန်အလွန်အကျွံမြင့်တက် လာခြင်း၊နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ နှလုံး၊ သွေးတိုး စိတ်ကျန်းမာရေးချို့ယွင်းသူများ) ကယောင်ကတမ်းဖြစ်ခြင်း၊ကာယလုပ်သားများ၊ အားကစားသမားများ၊ အဝလွန်သူများတက်ခြင်း၊ သတိလစ်ခြင်း၊အရက်စွဲသောသူများ၊ မူးယစ်ဆေးသုံးစွဲသူများအပူဒဏ်ကြောင့် သတိလစ်ခြင်းလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသရန်တို့ကို ထုတ်ပြန်ထားသည်။




news-view-count-icon

39