ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်းခုံးကျော်တံတားပေါ်ကနေ ဧပြီ၅ရက်၊ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦးပြုတ်ကျသေဆုံးသွားတယ်လို့ ဖြစ်စဉ်ကိုသွားရောက်ကူညီတဲ့ အနာဂတ်အလင်းတန်းပရဟိတ အသင်းကနေ သိရပါတယ်။
အဲဒီအမျိုးသားဟာ မြေနီကုန်းခုံးကျော်တံတားပေါ်ကနေ ပြည်လမ်းနဲ့ ရှင်စောပုလမ်းထောင့်ကို ပြုတ်ကျတာဖြစ် တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာကို ရောက်ရှိတဲ့အချိန် အဲဒီအမျိုးသားဟာ ပြုတ်ကျတဲ့ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးနေတာကို တွေ့ရတယ်လို့လည်း အသင်းကနေသိရပါတယ်။
သေဆုံးသူအမျိုးသားရဲ့ရုပ်အလောင်းကိုတော့ ကြီးလေးကြီး လူမှုကူညီရေးအသင်းကယာဉ်နဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ 


