back

ရွှေတိဂုံစေတီတော်၌ နှစ်သစ်မင်္ဂလာအခမ်းအနား ကျင်းပမည်

Apr 05 • 7:35 AM

breaking-news

Myanmar

Yangon

cover

ရွှေတိဂုံစေတီတော်၌ နှစ်သစ်မင်္ဂလာအခမ်းအနား ကျင်းပမည်

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မှာ နှစ်သစ်မင်္ဂလာအခမ်းအနားကို ဧပြီလ(၁၇) မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးပြီး ကျင်းပပြုလုပ်သွားမည်ဖ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မှာ နှစ်သစ်မင်္ဂလာအခမ်းအနားကို ဧပြီလ(၁၇) မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်တယ်လို့သိရပါတယ်။

မနက်(၅)နာရီအချိန်မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတွေနဲ့ ဆွမ်းတော်ကြီးဆက်ကပ်လှူတာ၊ မနက်(၅)နာရီခွဲအချိန်မှာ ဩဝါဒါစရိယဆရာတော်ကြီးတွေနဲ့ စောင့်ရှောက် ရေးသံဃာတော်တွေကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းတာတွေကိုပြုလုပ်သွားမယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။

အဲဒီနောက် မနက်(၆)နာရီခွဲအချိန်မှာ ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းမှာ နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပတာနဲ့ ဩဝါဒါစရိယဆရာတော်ကြီးတွေထံက အန္တရာယ်ကင်း ပရိတ်တရား တော်တွေနာကြားတာ၊ လှူဖွယ်ဝတ္ထုတွေဆက်ကပ်လှူဒါန်းတာတို့ကိုပြုလုပ်သွားမယ်လို့သိရပါတယ်။ဒါ့အပြင် မနက်(၇)နာရီအချိန်မှာ ရှင်ဥပဂုတ္တမင်္ဂလာကန်တော်မှာ ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲကျင်းပတာကို လည်း ပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

news-view-count-icon

25