ယူအေအီးနိုင်ငံ၏ သမိုင်းဝင်ဖြစ်ရပ်များကို ဆယ်စုနှစ် ၅ ခုကျော်ကြာ မှတ်တမ်းတင်ခဲ့သည့် နာမည်ကျော် အိန္ဒိယလူမျိုး ဓာတ်ပုံဆရာ Ramesh Shukla (အသက် ၈၇ နှစ်) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကွယ်လွန်သွားခဲ့ပြီးနောက်၊ ၎င်း၏နောက်ဆုံးဆန္ဒဖြစ်သော ယူအေအီးသမ္မတ Sheikh Mohamed bin Zayed Al Nahyan နှင့် တွေ့ဆုံခွင့်ရရေးကို သားဖြစ်သူ Neel Shukla က ဧပြီလအစောပိုင်းတွင် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။သမ္မတ Sheikh Mohamed သည် ဓာတ်ပုံဆရာကြီး၏ မိသားစုဝင်များကို လက်ခံတွေ့ဆုံခဲ့ပြီး Ramesh Shukla သည် ယူအေအီးနိုင်ငံ တည်ထောင်စအချိန်မှစ၍ ယနေ့ခေတ်အထိ နိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများနှင့် အဖိုးတန်သမိုင်းဝင် အခိုက်အတန့်များကို ၎င်း၏ကင်မရာဖြင့် မမောမပန်း မှတ်တမ်းတင်ပေးခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် ၎င်း၏လက်ရာများသည် နိုင်ငံ၏သမိုင်းမော်ကွန်းတွင် အမြဲရှိနေမည်ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။Ramesh Shukla သည် ၁၉၇၁ ခုနှစ်တွင် ယူအေအီးနိုင်ငံ တည်ထောင်သူ ခေါင်းဆောင်ကြီးများ လက်မှတ်ရေးထိုးနေသည့် သမိုင်းဝင်ဓာတ်ပုံ (ယနေ့ ယူအေအီး ၅၀ ဒါဟမ် ငွေစက္ကူပေါ်ရှိပုံ) ကို ရိုက်ကူးခဲ့သူဖြစ်ပြီး၊ သမ္မတနှင့် တွေ့ဆုံစဉ် သားဖြစ်သူက ဖခင်ဖြစ်သူ၏ အမှတ်တရ ဓာတ်ပုံအယ်လ်ဘမ်များနှင့် အဖိုးတန်မှတ်တမ်းများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။
ယူအေအီး၏ နာမည်ကျော် "တော်ဝင်ဓာတ်ပုံဆရာ" Ramesh Shukla ၏ နောက်ဆုံးဆန္ဒကို ၎င်း၏သားဖြစ်သူက ဖြည့်ဆည်းပေးခဲ့ပြီး သမ္မတနှင့် တွေ့ဆုံပေးခဲ့
Apr 05 • 7:32 AM
UAE
Local News
Share
| 10 | 0 | 0 | 0 |


