မြန်မာနွယ်ဖွား UFC Flyweight ချန်ပီယံ ဂျိုရှုဝါ ဗန် (Joshua Van) ၏ ခါးပတ်ကာကွယ်ရေး ထိုးသတ်ပွဲကို ၎င်းရရှိထားသည့် ဒဏ်ရာကြောင့် မေလ ၉ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း UFC ဘက်က တရားဝင်ကြေညာလိုက်သည်။ မူလက လာမည့် ဧပြီလ ၉ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ဂျိုရှုဝါ ဗန်တွင် ဒဏ်ရာအသေးစား ရရှိထားခြင်းကြောင့် ယခုကဲ့သို့ တစ်လခန့် နောက်ဆုတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ အသေးစိတ် ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။ ဂျိုရှုဝါ ဗန်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပန်ဒိုဂျာနှင့် ထိုးသတ်ကာ ချန်ပီယံခါးပတ်ကို ဆွတ်ခူးရရှိထားသူဖြစ်ကြောင်းသိရှိရပါသည်။
Apr 05 • 7:18 AM
Myanmar
Local
Share
| 20 | 0 | 0 | 0 |


