back

မိုးညှင်းခရိုင်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ၅ ရက်တိုင်ရှိလာပြီး ဒေသခံများ အခက်အခဲကြုံတွေ့နေရ

Apr 05 • 7:20 AM

breaking-news

Myanmar

Kachin

cover

မိုးညှင်းခရိုင်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ၅ ရက်တိုင်ရှိလာပြီး ဒေသခံများ အခက်အခဲကြုံတွေ့နေရ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း သစ်ပင်ပိ၍ လျှပ်စစ်ဓာတ်အားတိုင် ၂ တိုင် ကျိုးပျက်သွားမှုကြောင့် ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ဓာတ်အားပြတ်တောက်နေသည်မှာ...

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း သစ်ပင်ပိ၍ လျှပ်စစ်ဓာတ်အားတိုင် ၂ တိုင် ကျိုးပျက်သွားမှုကြောင့် ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ဓာတ်အားပြတ်တောက်နေသည်မှာ ၅ ရက်တိတိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ၅ ရက်တိုင် အမှောင်ကျနေမှုကြောင့် ဒေသခံပြည်သူများမှာ ဖုန်းအားသွင်းရန်နှင့် ဆက်သွယ်ရေးခက်ခဲခြင်း၊ ရေတင်ရန်ခက်ခဲခြင်း၊ လုပ်ငန်းရှင်များ စီးပွားရေးထိခိုက်ခြင်းနှင့် ညဘက်လုံခြုံရေးစိုးရိမ်ရခြင်းစသည့် အခက်အခဲများကို ရင်ဆိုင်နေရသည်။ တာဝန်ရှိသူများအနေဖြင့် ပြုပြင်ရေးလုပ်ငန်းများတွင် လူအင်အားဖြည့်တင်းထားသော်လည်း လက်ရှိအချိန်အထိ ဓာတ်အားပြန်လည်မရရှိသေးသဖြင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်နှင့် အမြန်ဆုံးဦးစားပေး ပြင်ဆင်ပေးရန် ဒေသခံများက တောင်းဆိုလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

12