ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လာရောက်ရေကစားကြသူများအတွက် တစ်ရက်လျှင် လူဦးရေ ၁၂,၀၀၀ စာ (နံနက် ၆,၀၀၀ နှင့် ညနေ ၆,၀၀၀) နှုန်းဖြင့် မြန်မာ့ရိုးရာအစားအစာများကို နေ့စဉ်ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ယခုနှစ်တွင် ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ ဗဟိုမဏ္ဍပ်၊ မင်းရပ်ပြည်သူ့ရင်ပြင်နှင့် ဧရာဝတီရှုခင်းသာ သဲသောင်ပြင်တို့၌ လမ်းလျှောက်သင်္ကြန်ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားပြီး၊ ပွဲတော်တွင် စတုဒိသာမဏ္ဍပ်များအပြင် ရိုးရာသနပ်ခါးမဏ္ဍပ်များနှင့် ရေပက်ကစားမဏ္ဍပ်များလည်း ပါဝင်မည်ဖြစ်သည်။ အထူးသဖြင့် ဧရာဝတီမြစ်ကမ်းဘေး ရေကစားသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လုံခြုံရေးအစီအမံများကို တာဝန်ရှိသူများက စနစ်တကျ ချမှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Apr 05 • 7:17 AM
Myanmar
Kachin
Share
| 21 | 0 | 0 | 0 |


