ရထားဖြင့်ခရီးသွားလာမည့်သူများ ရထားလက်မှတ်ဝယ်ယူရာ၌အဆင်ပြေစေရန် မြန်မာ့မီးရထားမှ ORTP (Online Railways Ticketing & Payment) စနစ်ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။ထိုသို့ အသုံးပြုလျက်ရှိရာမှ ယနေ့ ဧပြီ ၅ ရက်နံနက် ၁၂ နာရီခန့်မှစတင်ကာ သင်္ကြန်ကာလရုံးပိတ်ရက်များအတွက်ခရီးသွားလာရန် စနစ်အတွင်းသို့ဝင်ရောက်၍ ရထားလက်မှတ်ဝယ်ယူသူ အလွန်များပြားခဲ့ရာ စနစ် Delay ဖြစ်ခြင်းနှင့် ငွေပေးချေပြီးသော်လည်း လက်မှတ်မရရှိခြင်းများ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဥ်များဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။



