ချယ်လ်ဆီးနှင့် ဘရာဇီးလ်လက်ရွေးစင်အသင်းကွင်းလယ်လူဟောင်း အော်စကာ (၃၄ နှစ်) သည် နှလုံးကျန်းမာရေးအခြေအနေကြောင့် ဘောလုံးကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ ၎င်းသည် ပြီးခဲ့သည့် နိုဝင်ဘာလက ဆော်ပေါ်လိုအသင်း၏ လေ့ကျင့်ရေးကွင်းတွင် ကြံ့ခိုင်မှုစမ်းသပ်စဉ် နေမကောင်းဖြစ်ကာ ဆေးရုံတက်ခဲ့ရပြီးနောက်၊ ကစားသမားဘဝမှ အနားယူတော့မည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အော်စကာသည် ဆော်ပေါ်လိုအသင်းနှင့် စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးသော်လည်း ကျန်းမာရေးအရ စာချုပ်ဖျက်သိမ်းကာ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ကစားသမားဘဝတစ်လျှောက် ဆော်ပေါ်လို၊ အင်တာနေစီယွန်နယ်၊ ချယ်လ်ဆီးနှင့် ရှန်ဟိုင်းဆိပ်ကမ်းအသင်းတို့တွင် ကျင်လည်ခဲ့ပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ၄၈ ပွဲကစားကာ ၁၂ ဂိုး သွင်းယူပေးခဲ့သည့် ထင်ရှားသော ကစားသမားတစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။
Apr 05 • 7:10 AM
Myanmar
International
Share
| 16 | 0 | 0 | 0 |


