၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်မှ ၁၀ ရက်အထိ တစ်ပတ်တာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသအချို့၌ ဧပြီလ ၇ ရက်မှ ၉ ရက်အတွင်း နေရာကွက်၍ မိုးအနည်းငယ် ထစ်ချုန်းရွာသွန်းနိုင်ကာ အရှေ့ပိုင်းဒေသများတွင်မူ မိုးရွာရန်မရှိဘဲ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစဲလ်စီးယပ်စ်အထိ ရှိနေမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားသည်။ အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း "INDUSA" သည် မြန်မာနိုင်ငံသို့ တိုက်ရိုက်သက်ရောက်မှုမရှိသော်လည်း ၎င်းကြောင့်ဖြစ်ပေါ်လာသည့် လေစီးကြောင်းများကြောင့် ဒေသအချို့တွင် မိုးအုံ့ကာ အပူရှိန်အနည်းငယ် လျော့ကျနိုင်မည်ဖြစ်သည်။ သို့သော်လည်း ရှမ်းပြည်နယ်တစ်ဝန်းလုံးတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI ၁၃၀ မှ ၁၉၅ အတွင်း မြင့်မားနေနိုင်ပြီး၊ အထူးသဖြင့် ရှမ်းအရှေ့ပိုင်းတွင် လေထုညစ်ညမ်းမှု အများဆုံးဖြစ်ပေါ်နိုင်သောကြောင့် ကျန်းမာရေးသတိပြုရန် လိုအပ်ကြောင်း သိရှိရပါသည်။
| 17 | 0 | 0 | 0 |


