back

အိန္ဒိယတွင် လောင်စာဆီပြတ်လပ်မှုကို အခွင့်ကောင်းယူကာ သင်္ချိုင်းအတွင်း ဓာတ်ငွေ့အိုးများ ဝှက်သူများကို ဖမ်းဆီး

Apr 05 • 7:04 AM

breaking-news

Myanmar

International

cover

အိန္ဒိယတွင် လောင်စာဆီပြတ်လပ်မှုကို အခွင့်ကောင်းယူကာ သင်္ချိုင်းအတွင်း ဓာတ်ငွေ့အိုးများ ဝှက်သူများကို ဖမ်းဆီး

အရှေ့အလယ်ပိုင်း စစ်ပွဲအခြေအနေကြောင့် လောင်စာဆီရှားပါးမှုကို အခွင့်ကောင်းယူ၍ မီးဖိုချောင်သုံး ဓာတ်ငွေ့အိုး (LPG) ၄၁၄ လုံးကို သင်္ချိုင်းတစ်ခုအတွင်း ဝှက်ကာ မှောင်...

အရှေ့အလယ်ပိုင်း စစ်ပွဲအခြေအနေကြောင့် လောင်စာဆီရှားပါးမှုကို အခွင့်ကောင်းယူ၍ မီးဖိုချောင်သုံး ဓာတ်ငွေ့အိုး (LPG) ၄၁၄ လုံးကို သင်္ချိုင်းတစ်ခုအတွင်း ဝှက်ကာ မှောင်ခိုရောင်းချနေသူ ၁၀ ဦးအား အိန္ဒိယရဲတပ်ဖွဲ့က ဟိုက်ဒရာဘတ်မြို့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ တရားခံများသည် ရူပီး ၂,၁၀၀ ခန့်သာ တန်ဖိုးရှိသော စီးပွားဖြစ်ဓာတ်ငွေ့အိုးတစ်အိုးကို ဈေးကွက်ပေါက်ဈေးထက် ၃ ဆခန့်ပိုသည့် ရူပီး ၆,၀၀၀ အထိ တင်ကာ ရောင်းချခဲ့ကြခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် လိုအပ်သော ဓာတ်ငွေ့ရည် ၆၀ ရာခိုင်နှုန်းခန့်ကို အရှေ့အလယ်ပိုင်းမှ တင်သွင်းနေရသဖြင့် ယခုစစ်ပွဲကြောင့် ထောက်ပံ့မှုပြတ်လပ်မည်ကို စိုးရိမ်ကာ ဝယ်ယူစုဆောင်းမှုများကို အာဏာပိုင်များက စီးနင်းဖမ်းဆီးမှု ၂,၆၀၀ ကျော် ပြုလုပ်နေခြင်းဖြစ်သည်။ လက်ရှိတွင် လောင်စာဆီဖိအား လျှော့ချရန်အတွက် အိန္ဒိယအစိုးရသည် ရေနံဆီ၊ ကျောက်မီးသွေးနှင့် ဇီဝဓာတ်ငွေ့ကဲ့သို့သော အခြားရွေးချယ်စရာများကို ပိုမိုအသုံးပြုရန်နှင့် ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့ဖြန့်ဖြူးမှုကို တိုးမြှင့်ဆောင်ရွက်နေကြောင်း lသိရှိရပါသည်။

news-view-count-icon

30