မေလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် ယူ-၁၇ အာရှအမျိုးသမီးဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် သင်္ကြန်အပြီး ဧပြီလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာကာ အိမ်ရှင်နိုင်ငံ၌ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်းသည် အိမ်ရှင်တရုတ်၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး၊ လက်ရှိတွင် ကမ္ဘာ့ဖလားအဆင့်အထိ တက်လှမ်းနိုင်ရန် ရည်မှန်းချက်ဖြင့် ပြည်တွင်း၌ သိပ္ပံနည်းကျ ကြံ့ခိုင်မှုနှင့် အာဟာရပိုင်းကို အထူးဂရုစိုက် လေ့ကျင့်လျက်ရှိကြောင်း သိရှိရပါသည်။


