သင်္ကြန်တေးသီချင်းများ အခမဲ့သုံးစွဲခွင့်ပြုပါရန် မူပိုင်ခွင့်ရှိသူများထံပြန်ကြားရေးဝန်ကြီးဌာနမှ မေတ္တာရပ်ခံပန်ကြားလိုက်ကြောင်းသိရသည်။
အဆိုပါ ပန်ကြားချက်၌ မြန်မာတစ်မျိုးသားလုံး အလေးအမြတ်ထားပြီး ပျော်ရွှင်စွာဆင်နွှဲကြသည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလကို ယခင်နှစ်များနည်းတူ ၂၀၂၆ ခုနှစ်တွင်လည်း မြန်မာ့ရိုးရာအစဉ်အလာများ နှင့်အညီ ဆင်နွှဲသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆင်နွှဲရာတွင် ဖျော်ဖြေမှုအနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ/ ဝန်ကြီးဌာနများ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် မဟာသင်္ကြန်တေးသီချင်းများကို ဖျော်ဖြေသီဆိုမှုများ၊ တင်ဆက်ကပြမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။



