နိုင်ငံတကာမှ သားကောင်များထံမှ ဒေါ်လာဘီလျံနှင့်ချီ၍ လိမ်လည်နေသည့် ကျားဖြန့် (Online Scam) စင်တာများကို ပစ်မှတ်ထားနှိမ်နင်းရန် ရည်ရွယ်သည့် ပထမဆုံးသော ဆိုက်ဘာရာဇဝတ်မှုဥပဒေကို ကမ္ဘောဒီးယားပါလီမန်က အတည်ပြုလိုက်ပြီဖြစ်သည်။ အဆိုပါဥပဒေသည် နိုင်ငံတစ်ဝန်းရှိ တရားမဝင်လိမ်လည်မှုလုပ်ငန်းများကို အပြီးတိုင်တားဆီးရန်နှင့် ဖြိုခွင်းခံရပြီးသောစင်တာများ ပြန်လည်မလည်ပတ်နိုင်စေရန် ရည်ရွယ်ပြီး၊ ယင်းပြဿနာများကြောင့် ထိခိုက်နေသည့် နိုင်ငံ၏စီးပွားရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို ပြန်လည်ကုစားရန်ဖြစ်ကြောင်း တရားရေးဝန်ကြီး ကွတ်ရစ်သ်က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကျားဖြန့်ဂိုဏ်းများကို ထိရောက်စွာနှိမ်နင်းမည့် ဆိုက်ဘာရာဇဝတ်မှုဥပဒေကို လွှတ်တော်အတည်ပြု
Apr 05 • 6:39 AM
Cambodia
Local News
Share
| 13 | 0 | 0 | 0 |


