လာမည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီတွင် ဟံသာဝတီယူနိုက်တက်အသင်းအား နည်းပြချုပ် ဦးမျိုးမင်းထွန်းကပင် ဆက်လက်တာဝန်ယူ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း အသင်းက တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ အသင်းဥက္ကဋ္ဌ ဦးအောင်မိုးကျော်နှင့် နည်းပြချုပ်တို့ ဆွေးနွေးမှုအပြီးတွင် အသင်းတိုးတက်အောင်မြင်ရေးအတွက် ဆက်လက်တာဝန်ယူရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီတွင် ရမှတ် ၂၈ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၅) နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
Apr 05 • 6:38 AM
Myanmar
Local
Share
| 22 | 0 | 0 | 0 |


