back

ရက်ပေါင်း (၄၀) ကျော် ယာယီရပ်နားထားသည့် မြစ်ကြီးနားလေဆိပ်သို့ ဧပြီ ၄ ရက်မှစတင်ကာ ခရီးသည်တင်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ

Apr 05 • 6:37 AM

breaking-news

Myanmar

Kachin

cover

ရက်ပေါင်း (၄၀) ကျော် ယာယီရပ်နားထားသည့် မြစ်ကြီးနားလေဆိပ်သို့ ဧပြီ ၄ ရက်မှစတင်ကာ ခရီးသည်တင်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားလေဆိပ်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ ရက်ပေါင်း (၄၀) ကျော်ကြာ ယာယီရပ်နားထားခဲ့သည့် ခရီးသည်တင်လေကြောင်းခရီးစဉ်များကို...

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားလေဆိပ်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ ရက်ပေါင်း (၄၀) ကျော်ကြာ ယာယီရပ်နားထားခဲ့သည့် ခရီးသည်တင်လေကြောင်းခရီးစဉ်များကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် နံနက်ပိုင်းမှစတင်၍ Air ThanLwin လေကြောင်းလိုင်းက ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကာ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ မန်းရတနာပုံနှင့် မင်္ဂလာလေကြောင်းလိုင်းတို့ကလည်း အလှည့်ကျ ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ထို့ပြင် ပူတာအိုလေဆိပ်သို့လည်း တစ်ပတ်လျှင် နှစ်ကြိမ် (ဗုဒ္ဓဟူးနှင့် တနင်္ဂနွေ) ပြေးဆွဲပေးမည်ဖြစ်၍ လေကြောင်းလိုင်းများ ပုံမှန်ပြန်လည်လည်ပတ်ခြင်းကြောင့် ဒေသခံများ၏ ခရီးသွားလာရေး၊ ကျန်းမာရေးနှင့် ဌာနဆိုင်ရာရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

12