back

ရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည့် ထိုင်းစစ်ရေယာဉ် HTMS Kraburi ပြန်လည်ထွက်ခွာ

Apr 05 • 6:36 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည့် ထိုင်းစစ်ရေယာဉ် HTMS Kraburi ပြန်လည်ထွက်ခွာ

ရန်ကုန်မြို့သို့ မတ်လ ၃၁ ရက်နေ့မှစတင်ကာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi (FFG-457) သည် ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ညန...

ရန်ကုန်မြို့သို့ မတ်လ ၃၁ ရက်နေ့မှစတင်ကာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi (FFG-457) သည် ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ညနေပိုင်းတွင် သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။ ၎င်းစစ်ရေယာဉ်အား တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် ထိုင်းရေတပ်စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး၊ ခရီးစဉ်အတွင်း ထိုင်းရေတပ်သားများသည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားခြင်းနှင့် နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

12