ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်နှင့် မူဆယ်မြို့တို့ရှိ နေရာအချို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၀၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၀ ဦးတို့ကို သက်သေခံပစ္စည်းများစွာနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် နံနက်ပိုင်းက တန့်ယန်းမြို့နယ်၊ ကောင်းဆန်ကျေးရွာအနီးရှိ အဆောက်အအုံများအတွင်းမှ တရုတ်နိုင်ငံသား ၁၀၁ ဦးနှင့် မြန်မာနိုင်ငံသား ၂၀ ဦးတို့ကို ကွန်ပျူတာများ၊ ဖုန်း ၁၁၈ လုံး၊ Starlink ၁၆ ခု အပါအဝင် ဆက်သွယ်ရေးစက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယင်းနေ့ညနေပိုင်း၌ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင်လည်း အလားတူလုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၇ ဦးကို ကွန်ပျူတာနှင့် ဖုန်းများဖြင့် ထပ်မံဖမ်းဆီးရမိခဲ့ပြီး၊ ဖမ်းဆီးရမိသူများအား တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူနိုင်ရန် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
တန့်ယန်းနှင့် မူဆယ်မြို့တို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်သူ တရုတ်နှင့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို လက်နက်ကိရိယာများနှင့်အတူ ဖမ်းဆီးရမိ
Apr 05 • 6:34 AM
Myanmar
Shan
Share
| 15 | 0 | 0 | 0 |


