back

ထိုင်းနိုင်ငံ Koh Phangan ကျွန်းရှိ တရားမဝင် ကလေးထိန်းကျောင်းနှစ်ခုကို စီးနင်းပိတ်သိမ်းပြီး မြန်မာနိုင်ငံသူတစ်ဦးအပါအဝင် ၅ ဦးအား ဖမ်းဆီး

Apr 05 • 6:33 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ Koh Phangan ကျွန်းရှိ တရားမဝင် ကလေးထိန်းကျောင်းနှစ်ခုကို စီးနင်းပိတ်သိမ်းပြီး မြန်မာနိုင်ငံသူတစ်ဦးအပါအဝင် ၅ ဦးအား ဖမ်းဆီး

ထိုင်းနိုင်ငံ၏ နာမည်ကျော် Koh Phangan ကျွန်းပေါ်တွင် ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသည့် တရားမဝင် ကလေးထိန်းကျောင်းနှစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ...

ထိုင်းနိုင်ငံ၏ နာမည်ကျော် Koh Phangan ကျွန်းပေါ်တွင် ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသည့် တရားမဝင် ကလေးထိန်းကျောင်းနှစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ၊ အသက် ၂ နှစ်မှ ၅ နှစ်အတွင်းရှိ နိုင်ငံခြားသားကလေးငယ် ၂၃ ဦးကို တွေ့ရှိခဲ့ပြီး ကျောင်းပိုင်ရှင်များနှင့် ဝန်ထမ်းများဖြစ်ကြသော အစ္စရေးနိုင်ငံသား ၃ ဦး၊ ထိုင်းအမျိုးသမီး ၁ ဦးနှင့် အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသူ မဆုစန္ဒာပြည့်စုံတို့ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။ အဆိုပါကျောင်းနှစ်ခုလုံးသည် လုပ်ငန်းလည်ပတ်ခွင့်ပါမစ်မရှိဘဲ ဖွင့်လှစ်ထားခြင်းဖြစ်သောကြောင့် ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရန် Koh Phangan ရဲစခန်းသို့ ပို့ဆောင်ထားပြီး ဒေသဆိုင်ရာအာဏာပိုင်များက ကလေးငယ်များ၏ ဘေးကင်းလုံခြုံရေးအတွက် တရားမဝင်လုပ်ငန်းများကို အထူးကြပ်မတ်နှိမ်နင်းနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

9