back

Mw 7.7 Supershear Mandalay Earthquake Forum ပထမနေ့အား မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တွင် ကျင်းပ

Apr 05 • 6:22 AM

breaking-news

Myanmar

Local

cover

Mw 7.7 Supershear Mandalay Earthquake Forum ပထမနေ့အား မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တွင် ကျင်းပ

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၌ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် Mw 7.7 Supershear Mandalay Earthquake Forum ပထမနေ့ကို ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်သည် မန္တလေးင...

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၌ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် Mw 7.7 Supershear Mandalay Earthquake Forum ပထမနေ့ကို ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်သည် မန္တလေးငလျင်ကြီးမှ ရရှိလာသော သိပ္ပံ၊ ဘူမိဗေဒ၊ အင်ဂျင်နီယာနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ သင်ခန်းစာများကို ပြန်လည်သုံးသပ်မျှဝေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဖိုရမ်တွင် ငလျင်အပြီး တည်ဆောက်ရေးလုပ်ငန်းများ၌ ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ MNBC 2025 စံနှုန်းများကို လိုက်နာဆောင်ရွက်ရန်နှင့် ၎င်းစံနှုန်းတွင် အသစ်ဖြည့်စွက်ထားသော ငလျင်ဆိုင်ရာ အခန်းကဏ္ဍများကို ပညာရှင်များက အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းနှင့် မြန်မာနိုင်ငံငလျင်ကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဖိုရမ်ဒုတိယနေ့ကို ဧပြီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။

news-view-count-icon

22