back

အင်ဒိုနီးရှားတွင် မြစ်ထဲ ဘောလုံး ဆင်းဆယ်သည့် ၁၃ နှစ် ကျောင်းသားလေး မိကျောင်းဆွဲခံရပြီး သေဆုံး

Apr 05 • 6:25 AM

breaking-news

Myanmar

International

cover

အင်ဒိုနီးရှားတွင် မြစ်ထဲ ဘောလုံး ဆင်းဆယ်သည့် ၁၃ နှစ် ကျောင်းသားလေး မိကျောင်းဆွဲခံရပြီး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ ကူတိုင်းကာတနီဂါရာအရပ်ရှိ မဟာခမ်းမြစ်အတွင်းသို့ ကျသွားသော ဘောလုံးအား ဆင်းဆယ်ခဲ့သည့် အသက် ၁၃ နှစ်အရွယ် ကျောင်းသားလေး မူဟာမက်အဘစ်ဇာသည် မိကျော...

အင်ဒိုနီးရှားနိုင်ငံ၊ ကူတိုင်းကာတနီဂါရာအရပ်ရှိ မဟာခမ်းမြစ်အတွင်းသို့ ကျသွားသော ဘောလုံးအား ဆင်းဆယ်ခဲ့သည့် အသက် ၁၃ နှစ်အရွယ် ကျောင်းသားလေး မူဟာမက်အဘစ်ဇာသည် မိကျောင်းဆွဲခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က သူငယ်ချင်းများနှင့်အတူ မြစ်ကမ်းနဖူးတွင် ဘောလုံးကစားနေစဉ် မြစ်ထဲသို့ ကျသွားသည့် ဘောလုံးအား ကမ်းမှ ပေ ၄၀ အကွာအထိ ကူးခတ်ဆယ်ယူရာမှ မိကျောင်းကိုက်ချီသွားခြင်းကို သူငယ်ချင်းများက မျက်မြင်တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေခဲ့သော်လည်း ရေစီးသန်ခြင်းနှင့် မိကျောင်းများပြားခြင်းကြောင့် အလောင်းအား ချက်ချင်းရှာမတွေ့ခဲ့ဘဲ နာရီအတော်ကြာပြီးနောက်မှ အခင်းဖြစ်ပွားရာနှင့် တစ်မိုင်ခန့်အကွာ မြစ်အောက်ပိုင်းတွင် ခေါင်း၊ မေးရိုးနှင့် ကျောကုန်းတို့၌ မိကျောင်းကိုက်ရာများဖြင့် သေဆုံးနေသည့် ကလေးငယ်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် မိကျောင်းများသည် လူနေရပ်ကွက်များအထိ ရောက်ရှိလာကာ လူများကို တိုက်ခိုက်သည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါသည်။

news-view-count-icon

15