အာဆင်နယ်အသင်းနည်းပြ မီခေးလ်အာတေတာ (Mikel Arteta) သည် မတ်လအတွင်း ယှဉ်ပြိုင်ခဲ့သည့် ချယ်လ်ဆီး၊ ဘရိုက်တန်နှင့် အဲဗာတန်ပွဲစဉ် သုံးပွဲစလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် မတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးရရှိခဲ့သည်။ ဤဆုသည် အာတေတာအတွက် (၈) ကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဤဆုကို အများဆုံးရရှိသူစာရင်းတွင် မာတင်အိုနေးလ်၊ ဟာရီရက်နက်ပ်တို့နှင့်အတူ ဆဋ္ဌမမြောက်နေရာ၌ ပူးတွဲရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် အာဆင်နယ်နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက် အာတေတာသည် အဆိုပါကာလအတွင်း ဤဆုကို အကြိမ်အများဆုံး ရရှိထားသူလည်း ဖြစ်ကြောင်း သိရှိရပါသည်။
Apr 05 • 6:20 AM
Myanmar
International
Share
| 16 | 0 | 0 | 0 |


