အရှေ့အလယ်ပိုင်းဒေသ အီရန်စစ်ပွဲအခြေအနေကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများမှာ နှစ်လဆက်တိုက် မြင့်တက်လျက်ရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ မတ်လအတွင်း ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းညွှန်းကိန်းမှာ ဖေဖော်ဝါရီလထက် ၂.၄ ရာခိုင်နှုန်း တိုးတက်လာပြီး အထူးသဖြင့် ဟင်းသီးဟင်းရွက်ဆီ၊ သကြားနှင့် ဂျုံဈေးနှုန်းများ သိသိသာသာ မြင့်တက်ခဲ့ကာ ဆန်ဈေးနှုန်းမှာမူ ၃ ရာခိုင်နှုန်းခန့် ပြန်လည်ကျဆင်းခဲ့သည်။ စွမ်းအင်နှင့် ဓာတ်မြေဩဇာဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် စိုက်ပျိုးရေးကုန်ကျစရိတ်များ တက်လာရခြင်းဖြစ်ပြီး၊ စစ်ပွဲကြာရှည်လာပါက လယ်သမားများအနေဖြင့် စိုက်ပျိုးမှုလျှော့ချခြင်းနှင့် မြေဩဇာအသုံးပြုမှု လျှော့ချခြင်းတို့ ပြုလုပ်လာနိုင်သဖြင့် အနာဂတ်တွင် သီးနှံထွက်နှုန်းနှင့် စားနပ်ရိက္ခာဖူလုံမှုအပေါ် စိုးရိမ်ရကြောင်း FAO စီးပွားရေးပညာရှင်များက ထောက်ပြထားသည်ဟု သိရှိရပါသည်။
Apr 05 • 6:19 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


