ထိုင်းနိုင်ငံ ချွန်ဘူရီ (chonburi)ခရိုင် ချွန်ဘူရီမြို့နယ်ရှိ အဲကွန်း စက်ရုံတစ်ရုံတွင် ကြားစပ်ကုမ္ပဏီမှ တစ်ဆင့်စမတ်ကြေးပေးပြီး အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား ၆၂ ဦးအား ၎င်းစက်ရုံက ကြိုတင်အ ကြောင်းကြားခြင်းမရှိဘဲ အလုပ်ဖြုတ်ခဲ့ကြောင်း ကူညီပေးနေသည့်WAG အဖွဲ့မှ သိရသည်။အလုပ်သမားများသည် ၎င်းစက်ရုံတွင် နှစ်လခန့်သာ အလုပ်ဆင်းရသေးပြီး ကြားစပ်ကုမ္ပဏီများက တာဝန်ယူမှုမရှိသောကြောင့် အလုပ်သမားအခွင့်ရေးများ ပြန်လည်ရရှိရန်အတွက် WAG အဖွဲ့ထံ အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး WAG အဖွဲ့နှင့်အတူ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ကလည်း ဧပြီ ၂ ရက်၌ အလုပ်သမားများနှင့်အတူမြို့နယ်ဆဝါဒီကန်ရုံး(အလုပ်သမားကာကွယ်ရေးဌာန)တွင် ထိုက်သင့်သည့်နစ်နာကြေးများရရှိရန် ကူညီတိုင်ကြားပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁ ရက်ကလည်း ချွန်ဘူရီမြို့နယ် ဂက်စ်အိုးစက်ရုံတွင်အလုပ်ဖြုတ်ခံခဲ့ရသည့် မြန်မာ အလုပ်သမား ၂၃ ဦးအတွက် သက်ဆိုင်ရာကျဟာငန်ရုံး(အလုပ်အကိုင်ခန့်ထားရေးဌာန)တွင် ကူညီ ဆောင်ရွက်ခဲ့ရာအလုပ်ပြန်ဝင်ရမည်ဟု သဘောတူညီချက်ရခဲ့ကြောင်း WAG အဖွဲ့မှ သိရ
သည်။



