back

ရန်ကုန်တွင် စက်သုံးဆီဆိုင်အချို့ ရောင်းချရန်ဆီကုန်နေသဖြင့် ပိတ်ထားပြီး ဆီရသည့် ဆိုင်များတွင် တန်းစီ စောင့်ဆိုင်းသည့် မော်တော်ယာဉ် များပြားလာ

Apr 05 • 5:45 AM

breaking-news

Myanmar

Yangon

breaking-news
cover

ရန်ကုန်တွင် စက်သုံးဆီဆိုင်အချို့ ရောင်းချရန်ဆီကုန်နေသဖြင့် ပိတ်ထားပြီး ဆီရသည့် ဆိုင်များတွင် တန်းစီ စောင့်ဆိုင်းသည့် မော်တော်ယာဉ် များပြားလာ

ရန်ကုန်တွင် စက်သုံးဆီဆိုင်အချို့ ရောင်းချရန်ဆီကုန်နေသဖြင့် ပိတ်ထားပြီး ဆီရသည့် ဆိုင်များတွင် တန်းစီ စောင့်ဆိုင်းသည့် မော်တော်ယာဉ် များပြားလာသည်ဟု ရန်ကုန်မြို့တွ...

ရန်ကုန်တွင် စက်သုံးဆီဆိုင်အချို့ ရောင်းချရန်ဆီကုန်နေသဖြင့် ပိတ်ထားပြီး ဆီရသည့် ဆိုင်များတွင် တန်းစီ စောင့်ဆိုင်းသည့် မော်တော်ယာဉ် များပြားလာသည်ဟု ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူအချို့က ပြောကြားသည်။လွန်ခဲ့သည့် နှစ်ရက်ကျော်ကစတင်ကာ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီရောင်းချရန် ဆီကုန်သွားသဖြင့် ခေတ္တပိတ်ထားရခြင်းများ ရှိလာသည်ဟု သိရသည်။တချို့က ဆီရောင်းနေရင်းနဲ့ ကုန်သွားလို့ ပိတ်လိုက်ရတာတွေရှိတယ်။ ဆီကားပြန်လာပို့မှ ပြန်ရောင်းရတာပေါ့။ နှစ်ရက်၊ သုံးရက်လောက်ရှိနေပြီ။ အဲ့ဒီလိုဖြစ်တာ" ဟု ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။စက်သုံးဆီဝယ်ယူရန် တန်းစီနေစဉ် ဆီကုန်သဖြင့် အရောင်းရပ်ထားရခြင်းကြောင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းသူများအနေဖြင့် အခက်တွေ့ရသည်ဟု သိရသည်။


news-view-count-icon

25