back

အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် စွမ်းအင်ချွေတာရန် ဘင်္ဂလားဒေ့ရှ်တွင် အလုပ်လုပ်ချိန်များ လျှော့ချ

Apr 05 • 5:26 AM

breaking-news

Myanmar

International

cover

အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် စွမ်းအင်ချွေတာရန် ဘင်္ဂလားဒေ့ရှ်တွင် အလုပ်လုပ်ချိန်များ လျှော့ချ

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးကွက်တွင် ပြဿနာများဖြစ်ပေါ်နေပြီး၊ တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၏ လျှပ်စစ်ဓာတ်အားထောက်ပံ့မ...

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးကွက်တွင် ပြဿနာများဖြစ်ပေါ်နေပြီး၊ တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၏ လျှပ်စစ်ဓာတ်အားထောက်ပံ့မှုကိုပါ ဖိအားဖြစ်စေသည့်အတွက် စွမ်းအင်သုံးစွဲမှု ထိန်းချုပ်ရန် ရည်ရွယ်၍ အလုပ်လုပ်ချိန်များကို လျှော့ချခြင်းနှင့် အစိုးရအသုံးစရိတ်များကို ဖြတ်တောက်ခြင်း စသည့် အစီအမံသစ်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စတင်လိုက်သည်။လောင်စာဆီတင်သွင်းမှုအပေါ် အကြီးအကျယ်မှီခိုနေရပြီး အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်း မတည်ငြိမ်မှုနှင့် ထောက်ပံ့မှု မသေချာသည့်ဒဏ်ကို ခံစားနေရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွမ်းအင်အခြေအနေကို တည်ငြိမ်စေရန် အစိုးရအဖွဲ့က ကြာသပတေးနေ့တွင် အတည်ပြုလိုက်သော အဆိုပါအစီအမံများက ရည်ရွယ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။




news-view-count-icon

23