back

ခေါင်းအုံးပေါ်သွားရည်ကျခြင်းသည် ထင်ထားသည်ထက်ပိုမိုဆိုးရွားသောပြဿနာများဖြစ်နိုင်သည်

Apr 05 • 5:02 AM

breaking-news

Myanmar

Local

breaking-news
cover

ခေါင်းအုံးပေါ်သွားရည်ကျခြင်းသည် ထင်ထားသည်ထက်ပိုမိုဆိုးရွားသောပြဿနာများဖြစ်နိုင်သည်

လူတိုင်းက တစ်ကြိမ်တစ်ခါလောက်တော့ ခေါင်းအုံးပေါ်ကို သွားရည်တွေ ကျဖူးကြပါတယ်။ တစ်ခါတလေ ဖြစ်တာက သိပ်ပြီးကိစ္စမရှိပေမယ့် အမြဲတမ်းဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင...

လူတိုင်းက တစ်ကြိမ်တစ်ခါလောက်တော့ ခေါင်းအုံးပေါ်ကို သွားရည်တွေ ကျဖူးကြပါတယ်။

တစ်ခါတလေ ဖြစ်တာက သိပ်ပြီးကိစ္စမရှိပေမယ့် အမြဲတမ်းဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်တယ်လို့ ချီကာဂို နော့သ်ဝက်စတန်း ဖိန်းဘာ့ဂ်ဆေးတက္ကသိုလ်မှ ဦးခေါင်းနှင့်လည်ပင်းဆရာဝန်ကြီး ဒေါက်တာ လန်ဒန်ဒိုင်ကာက ပြောပါတယ်။

အိပ်နေရင်း သွားရည်ကျခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိနေပါတယ်။

(၁) အိပ်ပျော်စဉ်အသက်ရှူရပ်ခြင်း - ညအိပ်စဉ် ခဏခဏ အသက်ရှူရပ်တဲ့အခါ ပါးစပ်ကနေ ကြာရှည်အသက်ရှူရသဖြင့် တံတွေးတွေ အိုင်လာပါတယ်။ (၂) ပါးစပ်ဖြင့်အသက်ရှူခြင်း - အချို့လူတွေဟာ နှာခေါင်းတွင်းလမ်းကြောင်း အလွန်သေးငယ်ကျဉ်းမြောင်းတာကြောင့် ပါးစပ်ကနေ အသက်ရှူကြရတာကြောင့် နှာခေါင်းပိုင်းခြားအရိုးတွေနဲ့ ပိတ်ဆို့နေတယ်လို့ သံသယရှိရင် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုနဲ့ ပြသသင့်ပါတယ်။


news-view-count-icon

30