FA Cup ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတိုက ရှုးပွဲအသီးသီး ကြုံတွေ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။အာဆင်နယ်က လိဂ်ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်ကို အံ့အားသင့်ဖွယ် အရေးနိမ့်ပြီး လီဗာပူးလ်ကလည်း ထိပ်သီးပြိုင်ဘက်မန်စီးတီးကို လေးဂိုးပြတ် အရေးနိမ့်ခဲ့တာဖြစ်တယ်။အာဆင်နယ်အသင်းဟာ နှစ်ပွဲဆက် အရှုးဟာ ဖလားလေးလုံးအိပ်မက်ကနေ ဖလားနှစ်လုံးပဲ ကျန်တော့တဲ့အထိ ဖြစ်ခဲ့ပါတယ်။အခု နှစ်ပွဲဆက် အရေးနိမ့်မှုဟာ အာဆင်နယ်အဖို ဒီရာသီမှာ ပထမဆုံးလည်း ဖြစ်ခဲ့ပါတယ်။ဆောက်သမ်တန်ကတော့ ပြိုင်ပွဲစုံ ၁၅ ပွဲဆက် ရှုးပွဲမရှိမှတ်တမ်းကို ဆက်လက်ပိုင်ဆိုင်ခဲ့ပါတယ်။မန်စီးတီးအသင်းက လီဗာပူးလ်ကို ဟာလန်းရဲ့ အသင်းအတွက် ၁၂ ကြိမ်မြောက် ဟက်ထရစ်နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။အခုပွဲမှာ လီဗာပူးလ်အသင်းက ဆာလာ ပယ်နယ်တီကန်ခွင့်ရပေမဲ့ မန်စီးတီးဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။အခြားပွဲမှာတော့ ချယ်လ်ဆီးအသင်းက ပိုတ်ဗယ်လ်ကို ခုနစ်ဂိုးပြတ်နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။
Apr 05 • 4:40 AM
Myanmar
International
Share
| 18 | 0 | 0 | 0 |


