back

ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တွင် ဒေသခံအားလုံးကို ဘတ်စ်ကားအခမဲ့စီးခွင့်ပြုမည်ဆိုသည့် သတင်းများအပေါ် အာဏာပိုင်များက ငြင်းဆို

Apr 05 • 4:10 AM

breaking-news

Vietnam

Local News

cover

ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တွင် ဒေသခံအားလုံးကို ဘတ်စ်ကားအခမဲ့စီးခွင့်ပြုမည်ဆိုသည့် သတင်းများအပေါ် အာဏာပိုင်များက ငြင်းဆို

ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တော် ဆောက်လုပ်ရေးဌာနသည် မြို့နေလူထုအားလုံးကို ဘတ်စ်ကားအခမဲ့စီးခွင့်ပြုရန် စီစဉ်နေသည်ဟူသော မီဒီယာအချို့၏ ဖော်ပြချက်များသည် မှားယွင်း...

ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တော် ဆောက်လုပ်ရေးဌာနသည် မြို့နေလူထုအားလုံးကို ဘတ်စ်ကားအခမဲ့စီးခွင့်ပြုရန် စီစဉ်နေသည်ဟူသော မီဒီယာအချို့၏ ဖော်ပြချက်များသည် မှားယွင်းနေပြီး ပြည်သူများအကြား နားလည်မှုလွဲမှားစေကြောင်း ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဟနွိုင်းမြို့တွင် လက်ရှိ၌ နိုင်ငံတော်အတွက် ထူးချွန်စွာ အမှုထမ်းခဲ့သူများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အသက် ၆ နှစ်အောက်ကလေးများနှင့် ဆင်းရဲနွမ်းပါးသော မိသားစုဝင်များကိုသာ အခမဲ့စီးခွင့်ပြုထားခြင်းဖြစ်ပြီး၊ လူတိုင်းအတွက် အခမဲ့စီးခွင့်ပြုမည့် မူဝါဒမှာ ယခုအချိန်အထိ မရှိသေးကြောင်း ရှင်းလင်းပြောကြားထားသည်။ဆိုပါ သတင်းမှားများသည် ဟိုချီမင်းစီးတီး (Ho Chi Minh City) တွင် ယခုလအတွင်း လူတိုင်းအတွက် ဘတ်စ်ကားအခမဲ့စီးခွင့်ပြုရန် ပြင်ဆင်နေသည့် သတင်းနှင့် ရောထွေးသွားခြင်းဖြစ်နိုင်ပြီး၊ ဟနွိုင်းမြို့အနေဖြင့် နောင်တွင် မြို့တော်ဥပဒေ (Capital Law) ပြင်ဆင်ချက်များ အတည်ပြုပြီးပါက အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပိုမိုကောင်းမွန်သော မူဝါဒများကို ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

7