ဧရာမတွင်းနက်ကြီး Sagittarius A* တည်ရှိတဲ့ နဂါးငွေ့တန်း အလယ်ဗဟိုကနေ ထူးခြားဆန်းပြားတဲ့ အချက်ပြ ၃ ခုကို သိပ္ပံပညာရှင်တွေ စဉ်းစားနေခဲ့ကြပါတယ်။ ကျွန်ုပ်တို့ရဲ့ ဂလက်ဆီဗဟိုက မြင့်မားတဲ့ စွမ်းအားတွေကို ရုတ်တရက် ထုတ်လွှတ်နေတာကို အာကာသအနက်ထဲ ကြည့်နိုင်တဲ့ တယ်လီစကုပ်တွေနဲ့သာ တွေ့နိုင်ပါတယ်။ ဒီအကြောင်းအရာကို ဖြစ်စေတဲ့ အနက်ရောင်အရာဝတ္ထုက ဂလက်ဆီတွေကို ဝိုင်းရံထားတယ်လို့ ယုံကြည်ထားပေမယ့် အလင်း၊ လျှပ်စစ်သံလိုက်အားတွေနဲ့ တုံ့ပြန်ခြင်း မရှိပါဘူး။ ဂလက်ဆီဗဟိုကနေ ထွက်တဲ့ အချက်ပြ ၃ မျိုးက အနက်ရောင်အရာဝတ္ထုတစ်မျိုးကြောင့် ဖြစ်တယ်လို့ Astrophysical Journal Letters က ဖော်ပြထားပါတယ်။ နဂါးငွေ့တန်းဗဟိုမှ စွမ်းအားတွေက ဖြစ်ရပ်ဆိုးတွေ ဖြစ်စေပြီး အငွေ့တိမ်တိုက်ကြီးတွေ ကြယ်တွေကို ဝင်တိုက်တဲ့နေရာ ဖြစ်ပါတယ်။



