back

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း သွင်းကုန်/ပို့ကုန်လုပ်ငန်းများကို အကောက်ခွန်ဦးစီးဌာနက ပိတ်ရက်မရှိ ဆောင်ရွက်ပေးမည်

Apr 05 • 4:20 AM

breaking-news

Myanmar

Local

cover

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း သွင်းကုန်/ပို့ကုန်လုပ်ငန်းများကို အကောက်ခွန်ဦးစီးဌာနက ပိတ်ရက်မရှိ ဆောင်ရွက်ပေးမည်

၂၀၂၆ ခုနှစ် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း နိုင်ငံတော်လိုအပ်ချက်အရ အရေးကြီးကုန်ပစ္စည်းများ တင်သွင်း၊ တင်ပို့နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနက ဧပြီလ ၁၁ ရက်မှ ၁၅ ရက...

၂၀၂၆ ခုနှစ် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း နိုင်ငံတော်လိုအပ်ချက်အရ အရေးကြီးကုန်ပစ္စည်းများ တင်သွင်း၊ တင်ပို့နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနက ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အထိ (မြန်မာနှစ်ဆန်းတစ်ရက်နေ့မှအပ) ရုံးချိန်ပြည့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေကြောင်းခရီးစဉ်များမှတစ်ဆင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန် အချိန်ပိုလုပ်ငန်းဆောင်ရွက်လိုသည့် ကုမ္ပဏီများသည် ဧပြီလ ၁၀ ရက်၊ နေ့လယ် ၂ နာရီနောက်ဆုံးထား၍ ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး၊ ကျသင့်ခွန်အတွက် Deposit ငွေ လုံလောက်စွာ ထားရှိရမည်ဖြစ်သည်။ အထူးသဖြင့် Asia World ဆိပ်ကမ်းတွင် အဆိုင်း ၃ ဆိုင်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သလို၊ နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် လမ်းကြောင်းပေါ်ရှိ အကောက်ခွန်ရုံးများတွင်လည်း သင်္ကြန်ကာလအတွင်း ပိတ်ရက်မရှိ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

37