ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် အိမ်အငှားဝန်ဆောင်မှုနှင့် တိုက်ခန်းများ အရောင်းအဝယ်ဖြစ်နေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ရန်ကုန်တိုင်းဒေသကြီး(ရုံးခွဲ)မှ သိရပါတယ်။
ရန်ကုန်တွင်အိမ်ခြံမြေ အရောင်းအဝယ်များမှာ ဈေးကွက်အနေအထားအရ ဈေးနှုန်း အမြင့်ပိုင်း အရောင်းအဝယ်များ ငြိမ်နေသော်လည်း အငှားများနှင့် တိုက်ခန်းအရောင်းအဝယ်များ ရှိနေတာ ဖြစ်ကြောင်း သိရပါတယ်။အသင်းအနေဖြင့် အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ချင်းပြည်နယ်မှအပ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ရုံးခွဲများဖွင့်လှစ်ထားပြီး အကျိုးဆောင်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသင်းဝင်ပေါင်း ၁၇,၀၀၀ ခန့်ရှိကြောင်း၊ ၎င်းတို့အနက် AML/CFT ဥပဒေဆိုင်ရာများနှင့် အိမ်ခြံမြေအသိပညာပေးသင်တန်းတက်ရောက်ပြီးသူ ၁၅,၀၀၀ ခန့်ရှိကြောင်းလည်းသိရပါတယ်။


