ရန်ကုန်မြို့၊တောင်ဥက္ကလာပ မြို့နယ်မှာ ယာဥ်တိုက်ပြီးထွက်ပြေးတဲ့ ဘုန်ကြီးကားတစ်စီးကို ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဖမ်းခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။လူမှုကွန်ယက်မှာတွေ့ရတဲ့ ရုပ်သံဖိုင်အရဟွန်ဒါဖစ် အဖြူရောင် RLG(သာသနာယာဥ် တံဆိပ်)နဲ့ယာဥ်ဟာ ဧပြီ ၄ ရက် ည ၉ နာရီဝန်းကျင်မှာ တောင်ဥက္ကလာပ ၄ ရပ်ကွက် ဗြမ္မစိုရ်လမ်းထဲမှာ ရပ်ထားတဲ့ အနက်ရောင်အိမ်စီးကားတစ်စီးကို တိုက်ခဲ့တာတွေ့ရပါတယ်။တိုက်ပြီးဆက်လက်မောင်းနှင်သွားဖို့ကားထွက်စဥ် အနားကပြည်သူတွေကကားကိုတားဆီးခဲ့တာကိုတွေ့ရပါတယ်။"တိုက်ပြီး ပြေးဖို့လုပ်တာ။အတိုက်ခံရတဲ့ ယာဥ်ပိုင်ရှင်ရော အနီးနားက လူတွေဝိုင်းတားကြတော့မှ ရပ်သွားတာ။မောင်းတဲ့သူက မူးနေပုံရတယ်"လို့ မျက်မြင်တွေ့ခဲ့သူက ပြောပါတယ်။တိုက်ခဲ့တဲ့ကားနဲ့ ကားပေါ်ပါတဲ့သူတွေကို ရပ်ကွက်ရုံး ရောက်နေတယ်လို့လည်း သူက အသိပေးပါတယ်။
ရန်ကုန်တိုင်း၊တောင်ဥက္ကလာ၌ ရပ်ထားတဲ့ကားကိုတိုက်ပြီးမောင်းပြေးဖို့လုပ်တဲ့ ဘုန်းကြီးကားကို ပြည်သူတွေဝိုင်းဖမ်းခဲ့ရ
Apr 05 • 2:36 AM
Myanmar
Yangon
Share
| 17 | 0 | 0 | 0 |


