မကွေးမြို့မှာ သင်္ကြန်အတွက် မဏ္ဍပ်တွေ ဆောက်လုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ၂၀၂၆ခုနှစ် သင်္ကြန်ကို မကွေးမှာ လမ်းလျှောက်သင်္ကြန်လုပ်ဖို့အတွက် မဏ္ဍပ်တွေ ဆောက်လုပ်နေတာလို့သိရပါတယ်။ မကွေးမြို့မှာ လမ်းလျှောက်သင်္ကြန်အပြင် ယိမ်းအကပြိုင်ပွဲတွေလည်း လုပ်ဆောင်သွားမှာဖြစ်ပြီး ရပ်ကွက်ယိမ်းအကအဖွဲ့ ၇ ဖွဲ့၊ ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့ ၁၁ ဖွဲ့ စုစုပေါင်း ယိမ်းအကအဖွဲ့ ၁၈ ဖွဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ယိမ်းအကတိုက်တာတွေလည်း လုပ်နေကြတယ်လို့ သိရပါတယ်။ သင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အပြင် ဗဟိုမဏ္ဍပ်မှာ မနက်ပိုင်းနဲ့ ညပိုင်းကို ဖျော်ဖြေရေးတွေလုပ်မှာဖြစ်ပြီး ရေကစားမဏ္ဍပ်၊ စတုဒိတာမဏ္ဍပ်တွေလုပ်ဖို့ပါ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 
| 13 | 0 | 0 | 0 |


