back

တရုတ်နိုင်ငံက ချင်းမင်ပွဲတော် အားလပ်ရက် ခရီးသွားကာလအတွင်း ရထားစီးခရီးသည်ခရီးစဉ် သန်း ၉၀ ကျော် ရှိမည်ဟု ခန့်မှန်း

Apr 05 • 1:28 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံက ချင်းမင်ပွဲတော် အားလပ်ရက် ခရီးသွားကာလအတွင်း ရထားစီးခရီးသည်ခရီးစဉ် သန်း ၉၀ ကျော် ရှိမည်ဟု ခန့်မှန်း

တရုတ်နိုင်ငံက ယခုကျရောက်လျက်ရှိသည့် ချင်းမင်ပွဲတော် အားလပ်ရက် ခရီးသွားကာလအတွင်း ဧပြီ ၃ ရက်မှ ၇ ရက်အထိ ရထားစီးခရီးသည်ခရီးစဉ် ၉၀.၅ သန်း ရှိလာဖွယ်ရှိကြောင်း တရုတ်...

တရုတ်နိုင်ငံက ယခုကျရောက်လျက်ရှိသည့် ချင်းမင်ပွဲတော် အားလပ်ရက် ခရီးသွားကာလအတွင်း ဧပြီ ၃ ရက်မှ ၇ ရက်အထိ ရထားစီးခရီးသည်ခရီးစဉ် ၉၀.၅ သန်း ရှိလာဖွယ်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသားရထားလမ်းလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။ငါးရက်ကြာ အဆိုပါခရီးသွားကာလအတွင်း နေ့စဉ် ပျမ်းမျှခရီးစဉ် ၁၈.၁ သန်း ရှိမည်ဟု ခန့်မှန်းလျက် China State Railway Group Co., Ltd. က ဧပြီ ၄ ရက်၌ တစ်ရက်တာအတွင်း စုစုပေါင်း ခရီးစဉ် ၂၁.၂ သန်းဖြင့် ခရီးသွားလာမှု အမြင့်ဆုံးဖြစ်မည်ဟု ခန့်မှန်းထားသည်။ယခုနှစ် ချင်းမင်ပွဲတော် အားလပ်ရက်တွင် ဆွေမျိုးများထံ သွားရောက်လည်ပတ်ခြင်း၊ ဘိုးဘွားများ ကန်တော့ခြင်း၊ နွေဦးရာသီ အပန်းဖြေခရီးများနှင့် ခရီးသွားလုပ်ငန်းများ စသည်တို့နှင့် ဆက်စပ်သော ခရီးသွားလာမှုအတွက် မြင့်မားသော ဝယ်လိုအား ရှိကာ ခရီးသည်ပမာဏအနေဖြင့် အကွာအဝေးအလယ်အလတ်နှင့် အကွာအဝေးအတို ခရီးစဉ် အများအပြားကို မြင်တွေ့ရပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော ခရီးသွားလာမှုက သိသိသာသာ မြင့်တက်မည်ဖြစ်ကြောင်း အဆိုပါရထားလမ်းလုပ်ငန်း၏ အဆိုအရ သိရသည်။

news-view-count-icon

6