back

တရုတ်နိုင်ငံနှင့် ကနေဒါနိုင်ငံက ယခုနှစ် ဒုတိယနှစ်ဝက်တွင် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ကျင်းပရန် သဘောတူ

Apr 05 • 1:27 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံနှင့် ကနေဒါနိုင်ငံက ယခုနှစ် ဒုတိယနှစ်ဝက်တွင် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ကျင်းပရန် သဘောတူ

တရုတ်-ကနေဒါ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို ယခုနှစ် ဒုတိယနှစ်ဝက်၌ ကျင်းပရန် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် ကနေဒါနိ...

တရုတ်-ကနေဒါ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို ယခုနှစ် ဒုတိယနှစ်ဝက်၌ ကျင်းပရန် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် ကနေဒါနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဖရန်ဆွာ-ဖိလစ် ရှန်ပန်ညင်တို့က မြို့တော်ပေကျင်းတွင် ဧပြီ ၃ ရက်၌ သဘောတူညီခဲ့ကြသည်။အဆိုပါဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ ဦးဆောင်ပုဂ္ဂိုလ်ဖြစ်သူ ဟယ်က နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် အရေးကြီးသည့် သဘောတူညီချက်များကို ဆက်လက်ဖော်ဆောင်ရန်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် တရုတ်-ကနေဒါ စီးပွားရေးကဏ္ဍ ဆက်ဆံရေး တည်ငြိမ်၍ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် တိုက်တွန်းခဲ့သည်။

news-view-count-icon

8