မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာအနီး၊ သံဖြူဇရပ်-မုဒုံကားလမ်းမကြီးတွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ငါးပိသယ်ဆောင်လာသည့် ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။ယမန်နေ့ ဧပြီလ ၄ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က ရောင်းဒေါင်းကျေးရွာအနီး အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ငါးပိသယ်ဆောင်လာသည့် ကုန်တင်ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။သေဆုံးသွားသည့် ယာဉ်မောင်းဖြစ်သူမှာ မြောက်ဥက္ကလာပမြို့၊ ဝေဘာဂီရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် ဦးအောင်သူဝင်းဆိုသူ ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကုန်တင်ယာဉ်မောင်း သေဆုံး
Apr 05 • 1:27 AM
Myanmar
Mon
Share
| 22 | 0 | 0 | 0 |


