back

ထိုင်းမှာ လေထုညစ်ညမ်းလို့ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းမြင့်လာ

Apr 05 • 1:26 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ လေထုညစ်ညမ်းလို့ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းမြင့်လာ

ထိုင်းနိုင်ငံမှာ နှစ်စဥ်ကြုံနေရတဲ့ လေထုညစ်ညမ်းမှု PM 2.5 ပြဿနာက ကျန်းမာရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာပြီး အဆုတ်ကင်ဆာဖြစ်ပွားနှုန်းနဲ့ ေ-သဆုံးနှုန်း...

ထိုင်းနိုင်ငံမှာ နှစ်စဥ်ကြုံနေရတဲ့ လေထုညစ်ညမ်းမှု PM 2.5 ပြဿနာက ကျန်းမာရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာပြီး အဆုတ်ကင်ဆာဖြစ်ပွားနှုန်းနဲ့ ေ-သဆုံးနှုန်း အဆပေါင်းများစွာ မြင့်လာတယ်လို့ ဖော်ပြလာပါတယ်။၂၀၂၄ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းအရ ထိုင်းနိုင်ငံသား ၃ သန်းကျော်ဟာ PM2.5 လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်တဲ့ ရောဂါခံစားရပြီး နာတာရှည် အဆုတ်အအောင့်ရောဂါ (၄၈၈,၃၇၂ ဦး)၊ ပန်းနာရင်ကြပ် (၅၉၂,၇၂၁ ဦး)၊ မျက်စိနာခြင်း (၈၆၂,၁၀၆ ဦး) နဲ့အရေပြားယားယံခြင်း (၉၀၀,၀၀၀ ကျော်) တို့ ပါဝင်ပါတယ်။အဆုတ်ကင်ဆာဆိုရင်လည်း ထိုင်းနိုင်ငံမှာ တစ်ရက်ကို အဆုတ်ကင်ဆာ လူနာသစ် (၄၈) ဦး တွေ့ရှိနေရပြီး၊ တစ်ရက်လျှင် ပျမ်းမျှ (၄၀) ဦး သေဆုံးနေသလိုဆေးလိပ်မသောက်ရင်တောင် PM2.5 လေထုနဲ့ ကြာရှည်ထိတွေ့မိရင် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ မြင့်မားလာတယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။ထိုင်းမှာလေထုညစ်ညမ်းမှု အဆိုးဆုံးဒေသက နခွန်ရက်ချ်စီမာဖြစ်ပြီး လေထုညစ်ညမ်းလို့ လူ ၄ သိန်း ၁ သောင်းကျော် နာမကျန်းဖြစ်ခဲ့သလို ချင်းမိုင်မှာလည်း တောမီး၊ မီးခိုးမြူတွေကြောင့် လူနာဦးရေ ၂ ဆတက်ပြီး ပြဿနာတွေများနေပါတယ်။

news-view-count-icon

14