ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်နဲ့ မြို့အနီးကျေးရွာတွေမှာ ဒီရက်ပိုင်း နွားတွေအနာဖြစ်ပြီးသေဆုံးမှုရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ပြီးခဲ့တဲ့ မတ်လကစပြီး ပူတာအိုမြို့ပေါ်ရပ်ကွက်တွေနဲ့မြို့နဲ့နီးတဲ့ ခင်ဖန်၊ ဂျူဗလီ၊လမယ်ဂါဂျီစတဲ့ရွာတွေဘက်မှာ နွားတွေသေဆုံးမှုဆက်တိုက်ဖြစ်နေကြောင်း ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။“ပြီးခဲ့တဲ့တစ်ပတ်လောက်ပဲရှိအုံးမယ် ကုန်ပေါ်(ကောင်ကထောင်ရပ်ကွက်)မှာတစ်ကောင်သေတယ် နောက်ပြီး ခင်ဖန်ဘက်မှာလည်းတစ်ကောင်သေနေတယ်တဲ့ ဟိုရက်လည်းသုတ္တန်ဘက်ကထင်တယ် တစ်ကောင်သေတယ် နွားနာဖြစ်လို့သေတာလားဘာကြောင့်လဲတော့မသိဘူး”လို့ အသက် ၅၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။



