မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က မတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့ပါတယ်။၎င်းဟာ ဒီဆုကို ခြောက်ကြိမ်မြောက် ရရှိတာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယအများဆုံး ဆွတ်ခူးနိုင်သူ ဖြစ်လာခဲ့တယ်။မန်ယူနိုက်တက်ကစားသမားဟောင်း စီရော်နယ်လ်ဒို၊ လီဗာပူးလ်ကစားသမားဟောင်း ဂျရတ်တို့နဲ့ ပူးတွဲရပ်တည်နေတာဖြစ်တယ်။၎င်းတို့သုံးဦးထက်မှာ ခုနစ်ကြိမ်စီရရှိထားတဲ့ စပါးတိုက်စစ်မှူးဟောင်း ဟာရီကိန်း၊ မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွဲရိုး၊ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာတို့ ရှိနေပါတယ်။ဘရူနိုဖာနန်ဒက်စ်ဟာ မတ်လအတွင်း လေးပွဲကစားရာမှာ နှစ်ဂိုးသွင်း၊ လေးဂိုးဖန်တီးခဲ့လို့ အကောင်းဆုံးဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။
Apr 05 • 1:24 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


