back

မလေးရှားသွားရန် ပွဲစားခ ဘတ်တစ်သိန်းပေးခဲ့ရသည့် မြန်မာလုပ်သား ၃၅ ဦး ကန်ချနဘူရီ တွင် အဖမ်းခံရ

Apr 05 • 1:22 AM

breaking-news

Malaysia

Local

cover

မလေးရှားသွားရန် ပွဲစားခ ဘတ်တစ်သိန်းပေးခဲ့ရသည့် မြန်မာလုပ်သား ၃၅ ဦး ကန်ချနဘူရီ တွင် အဖမ်းခံရ

မလေးရှားနိုင်ငံမှာ အလုပ် လုပ်ဖို့ ပွဲစားခ ဘတ်တစ်သိန်းစီ ပေးလာရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၅ဦး ကို ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်ရှိ ကျေးရွာ တစ်ခု မှ နေအိမ်...

မလေးရှားနိုင်ငံမှာ အလုပ် လုပ်ဖို့ ပွဲစားခ ဘတ်တစ်သိန်းစီ ပေးလာရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၅ဦး ကို ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်ရှိ ကျေးရွာ တစ်ခု မှ နေအိမ်တစ်ခုမှာ ဖမ်းမိခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေအရ သိရပါတယ်။ အဖမ်းခံရသူတွေဟာ သဘာ၀ လမ်းကြောင်းကနေ တစ်ဆင့် ထိုင်းနိုင်ငံထဲသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာခဲ့တာ ဖြစ်ပြီး မလေးရှားနိုင်ငံသို့ ဆက်လက်သွားရန် ပွဲစားခ အဖြစ် အလုပ်သမားတစ်ဦးလျှင် ဘတ်တစ်သိန်း ပေးခဲ့ရတယ်လို့ မြန်မာလုပ်သားတွေရဲ့ ထွက်ဆိုချက်အရ သိရပါတယ်။ အိမ်ရှင်ဖြစ်သူကိုတော့ ၎င်းတို့ကို နေထိုင်စရာနဲ့ အစားစာများ ပံ့ပိုးပေးတဲ့ အတွက် တစ်ဦးလျှင် ဘတ်၅၀ စီ ကောက်ယူကာ ညပိုင်းတွင် မြန်မာအလုပ်သမား တို့ကို လာကြိုမယ့် မော်တော်ယာဉ် တစ်စီးစီစဉ်ပေးခြင်း တို့ ပြုလုပ်ပေးခဲ့ကြောင်း အိမ်ရှင်ဖြစ်သူက ဝန်ခံထွက်ဆိုထားပါတယ်။ မြန်မာလုပ်သား အားလုံးမှာ အထောက်ထားစာရွက်စာတမ်း မရှိသူတွေဖြစ်တာကြောင့် ဥပဒေအရ အရေးယူရန်ရဲစခန်းသို့ ပို့ဆောင်ထားတယ်လို့သိရပါတယ်။

news-view-count-icon

6